Friday, August 12, 2016

3Ds Max နဲ့ DVD စက်ပုံလေးဆွဲကြမယ်

မင်္ဂလာပါ ဒီတစ်ပတ်မှာတော့ 3Ds Max ထဲမှာ DVD Player လေးတစ်ခုဖန်းတီးကြည့်ကြမယ်နော်။ ပထမဆုံးအနေနဲ့ ကိုယ်သုံးမယ့် Unit ကိုသတ်မှတ်ထားပေးပါနော်။ ဒီ Tutorial မှာတော့ Unit ကို cm နဲ့သုံးပြီးဆွဲပြထားတာပါ။

အဆင့်၁။ ။ပုံမှာပြထားတဲ့အတိုင်း Front View ကိုသွားပြီးတော့ Rectangle တစ်ခှုဆွဲပေးပါ။ Length=18cm နဲ့ Width=201cm၊Corner radius=5 ထားပေးပါရှင်။Interpolation အောက်က Step=8ထားပေးပါရှင်။ ဒီတန်ဖိုးတွေကအတိအကျပေးထားတာတော့ မဟုတ်ပါဘူး
။ ဒါကြောင့် ကိုယ်လိုချင်တဲ့ Length နဲ့ Width တွေကို ကိုယ့်ဘာသာလိုသလိုသတ်မှတ်ပေးလို့ရပါတယ်။
အဆင့်၂။ ။ဒီအဆင့်မှာတော့ Rectangle ကို Extude modifier တင်ဖို့ပါ။ Amount ကိုတော့ 130cm ထားပေးပါ။ Perspective view ကိုပြောင်းထားပေးပါ။ ပြီးရင်တော့ Edit Poly modifier တင်ပေးပါ။

အဆင့်၃။ ။Polygon selection ကိုဝင်ပြီးတော့ Front ဘက်က Polygon ကို Insert ထည့်ပေးပါ။ Insert Type ကို By polygon ထားပြီး Amount ကိုတော့ 1.7 ထားပေးပါ။
အဆင့်၎။ ။အဆင့် ၃ မှာ Insert ထည့်ခဲ့တဲ့ Polygon ကို Extude လုပ်ပေးပါ။ Amount ကိုတော့ -3cm ထားပေးပါ။
အဆင့်၅။ ။အဆင့် ၄ မှာ Extude လုပ်ခဲ့တဲ့ Polygon ကိုပဲ ထပ်ပြီး Insert လုပ်ပေးပါ။ Insert Amount ကိုတော့ 1cm ထားပေးပါ။ ပုံမှာလည်းဆွဲပြပေးထားပါတယ်။

အဆင့်၆။ ။ပုံမှပြထားတဲ့ Polygon ကို Select မှတ်ပြီး Detach လုပ်ပေးပါ။ Detach ရဲ့ Setting box ထဲမှာ Detach as clone ကိုရွေးထားပေးပါ။ Detach as နောက်မှာဝင်နေတဲ့ နာမည်ကိုလည်းမှတ်ထားပေးပါ

အဆင့်၇။ ။Select by name (H) ကိုသုံးပြီးတော့ အဆင့် ၆ မှာ Detach လုပ်ခဲ့တဲ့ Polygon ကို Select မှတ်ပေးပါ။ Select မှတ်ပြီးရင်တော့ Modifier List ရဲ့အပေါ်မှာရှိတဲ့ Color အိမ်လေးကိုဖွင့်ပြီး Color ပြောင်းထားပေးပါရှင်။ပုံမှာ ပြောင်းပေးထာပါတယ်။

အဆင့်၈။ ။Detach လုပ်ထားတဲ့ Object ကို Select လုပ်တဲ့အခါကျရင် Pivot ကနောက်မှာရောက်နေတဲ့အတွက်အဆင်မပြေတာတွေဖြစ်တတ်ပါတယ်။ Pivot ကိုပြင်ချင်ရင်တော့ Hierarchy အောက်ကိုသွားပါ။ Effect pivot only ကို Click ပြီးတော့ Center on object ကိုရွေးပေးပါ။ ပုံမှာလည်းပြပေးထားပါတယ်။

အဆင့်၉။ ။Polygon selection ကိုဝင်ပြီးတော့ Insert ထည့်ပေးပါ။ Amount ကိုတော့ 0.5cm ထားပေးပါ။

အဆင့်၁၀။ ။ Vertex level ကိုဝင်ပြီးတော့ ပုံမှာပြထားတဲ့ Vertex နှစ်ခုကို Select မှတ်ပေးပါ။ ပြီးရင်တော့ Edit vertex အောက်က Connect ကိုနှိပ်ပေးပါ။ပုံမှာပြပေးထားပါတယ်ရှင်။ညာဘက်မှာလည်း Vertex နှစ်ခုရှိပါတယ်။ အဲ့ဒီ Vertex နှစ်ခုကိုလည်း Connect လုပ်ပေးပါ။

အဆင့်၁၁။ ။ ပုံမှာပြထားတဲ့အတိုင်း Vertex Selection ကိုဝင်ပြီးတော့ Cut လုပ်ပေးပါ။

အဆင့်၁၂။ ။ပုံမှာပြထားတဲ့အတိုင်း Vertex Selection ကိုဝင်ပြီးတော့ Cut လုပ်ပေးပါ။ကျန်တဲ့ သုံးဘက်ကိုလည်း Cut လုပ်ပေးပါ။

အဆင့်၁၃။ ။ Create > Shape > Ngon တစ်ခုကိုပုံပါအတိုင်းဆွဲပေးပါ။Radius=3 နဲ့ Sides=8 ထားပေးပါ။

အဆင့်၁၄။ ။Edge selection ကနေHorizontal အနားအားလုံးကို Select လုပ်ပြီး Connect လုပ်ပေးပါ။ Segment=1 နဲ့ Slide=-93ထားပေးပါ။

အဆင့်၁၅။ ။ပုံမှာပြထားတဲ့အတိုင်း နောက်ထပ် Segment နှစ်ခုရအောင် Connect လုပ်ပေးလိုက်ပါ။

အဆင့်၁၆။ ။ပုံမှာပြထားတဲ့ အနားကို Select လုပ်ပေးပါ။ Selection rollout ကနေ Ring ကိုသုံးပြီးတော့ Connect လုပ်ပေးပါ။ Segment = 1 ထားပေးပါ။

အဆင့်၁၇။ ။ပုံပါအတိုင်းရအောင် လိုက်ပြီး Cut လုပ်ပေးပါ။

အဆင့်၁၈။ ။Cut လုပ်ပြီးရလာတဲ့ အလယ်တည့်တည့်က Vertex အမှတ်လေးကို Select လုပ်ပြီး Chamfer လုပ်ပေးပါ။ Chamfer amount=3 ထားပေးပါ။ Chamfer လုပ်ထားတဲ့ Vetex လေးတွေကို Ngon ရဲ့ထောင့်လေးတွေမှာကွက်တိကျအောင်ချပေးပါ။

အဆင့်၁၉။ ။ပြီးရင်တော့ Polygon Selection ကိုဝင်ပြီးတော့ Insert လုပ်ပေးပါ။ Amount ကိုတော့ 0.05cm ထားပေးပါရှင်။ပုံမှာပြပေးထားပါတယ်။

အဆင့်၂၀။ ။အဆင့် ၁၉ မှာ Insert လုပ်ထားတဲ့ Polygon ကို Front ဘက်ကိုနည်းနည်းလေးရွှေ့ပေးပါ။ ပြီးရင်တော့ Extudeလုပ်ပေးပါ။ Amount ကိုတော့ 1cm ထားပေးပါ။

အပိုင်း(၁)ကိုဒီမှာခဏရပ်ထားပါမယ် နောက်တစ်ပတ်မှာကျန်တဲ့အပိုင်းကိုဆက်ပြောပြပေးပါမယ်။

Credit>>>DataWorld

0 comments:

Post a Comment

.

.

Copyright © Knowledge Box Published By Yaung Pyan Templated | Powered By Yaung Pyan Lay

Design by Yaung Pyan Lay | Blogger Theme by Yaung Payn Lay