Friday, August 12, 2016

htbcomputer_7

စတင်တည်ဆောက်ခြင်း

ဒီအခန်းမှာတော့ ကွန်ပြူတာကို စတင်တပ်ဆင် တည်ဆောက်တော့မှာဖြစ်တော့ပေသတည်း၊ အကျွနုပ် waiferkolar အသုံးပြုသော Components များသည် သင်တို့အသုံးပြုနေသော Components များနှင့် ညီနေလိမ့်မည်ဟု တထစ်ချမတွက်ယူနိုင်ပါ၊ သို့သော်ကား အကျွနုပ် တပ်ဆင် တည်ဆောက်ပြသည်ကိုကြည့်၍ သင်တို့အနေနှင့် သဘောတရား ကိုအတိုင်းအတာ တစ်စုံအထိ သိသွားမည် မှာသေချာပေသည်၊ သင်တို့ ဘယ်လိုအမျိုးအစား Components များကိုအသုံးပြုသည်ဖြစ်စေကာမူ လုပ်ထုံး ကိုင်ထုံး များမှာ အခြေခံအားဖြင့်တူညီကြပါသည်၊ ထိုထိုသောအကြောင်းအရင်းကြောင့်ပင်လျှင် အကျွနုပ် တည်ဆောက်ပြမည်ဖြစ်သော ကွန်ပြူတာ ကို အာရုံနှစ်ပါး စိတ်မကားပဲ တည်ကြည့်စိတ်ထား အာရုံတစ်ပါး ဖြင့်သာ စူးစိုက်လေ့လာ ကြပါတော့လို့ အများအကြိုးမျော်နိုးဆော်တိုက်တွန်းလျှက် ……….၀ိုင်ဖာကိုလာ

အများဘ၀င် ကြည်လင်ပီတိ ဂွမ်းဆီထိစေမယ့် အဖွင့်စကားမြွက်ကြွားပြီးတကာလ Motherboard ကို ဖွင့်ကာထုတ်လို့ စတင်လိုက်မယ်၊ လာစမ်းဟဲ့ Motherboard


အထက်က ပုံကတော့ Motherboard ကိုဝယ်လာတဲ့ပုံပါ၊ ဘူးနဲ့ အတူပါလာတဲ့ Motherboard ကိုစတင်ဖွင့်လိုက်ပါမယ်၊ ဘူးက နှစ်ထပ်၊ ပထမအထပ်ကို  အောက်က အတိုင်း တွေ့ရမယ်၊

အထက်က ပုံကတော့ Motherboard ကိုဝယ်လာတဲ့အခါ ပါလာမယ့် ဘူး ကိုဖွင့်လိုက်ရင် စတင်မြင်တွေပရမယ့်မြင်ကွင်းပါ၊ ပစ္စည်းသုံးမျိုးပါတယ်၊ ခါးပတ်လိုပစ္စည်း (အပေါ်မှာမြားအနီပြထားတယ်) ကတော့ IDE Cable လို့လဲ ခေါ်တယ် Hard Drive Cable လို့လဲခေါ်တယ်၊  သူကတော့ သင့်ကွန်ပြူတာရဲ့ Motherboard နဲ့ Hard Drive တို့ကိုချိတ်ဆက်ပေးမယ့် Cable ပါ၊ နောက်ထပ်ပစ္စည်ကတော့ အနီရောင်ကြိုး၊ မြင်ကွင်းပိုရှင်းသွားအောင် အောက်မှာကြည့်လိုက်ပါ၊

အထက်မှာတော့ Motherboard နဲ့ တွဲပါလာမယ့် အနီရောင်ကြိုးပါ၊ SATA Cable ပါ၊ ရှေ့နောက် နှစ်ပုံပြထားတယ်၊  Four Pin Converter ပါတယ်၊ နောက်ထပ် တစ်ခုကျန်သေးတယ်၊ အောက်မှာကြည့်၊

အထက်က ပုံမှာပြထားတဲ့ ပစ္စည်းလေးကတော့ Motherboard နဲ့ တွဲပါလာမယ့် ပစ္စည်းလေးပါ၊ အဲ့ဒါက Motherboard နဲ့ Case နဲ့ ချိတ်မယ့်ပစ္စည်းပါ၊( နောက်တစ်ခန်းမှာ သူ့ကိုသေချာသုံးရမယ် သေချာပြမယ်) တကယ်တော့အဲ့ဒီ့ ပစ္စည်းလေးတပ်မယ့်နေရာက Case မှာပါလာပြီးသား။ ဒါပေမယ့် Case မှာပါလာတဲ့တစ်ခုကိုသုံးတာထက် Motherboard နဲ့ ပါလာတာ ကိုသုံးတာက Motherboard နဲ့ ပါလာတာကိုသုံးတာပိုကောင်းတယ်၊ Motherboard နဲ့ Fix ဖြစ်တယ်၊ အခုတော့သိပ်စိတ်မကူနဲ့ နောက်အခန်းမှာ လက်တွေ့သေချာထပ်ရှင်းပြမယ်၊ လောလောဆယ်တော့ အဲ့ဒီ့ပစ္စည်းလေးက အရေးတကြီးအသုံးဝင်တယ်ဆိုတာပဲ မှတ်ထားလိုက်၊

အခုအထက် ပစ္စည်းသုံးခုကို ထုတ်ပြီးသွားပီဆိုရင် ပထမအထပ် ကုန်ပီ၊ ဒုတိယ အထပ်ကိုသွားမယ်၊ အောက်က အတိုင်း ဒုတိယအထပ်ကိုဖွင့်လိုက်၊


အထက်က အလွှာက မဖွင့်ခင်ပုံ၊ အောက်မှာဖွင့်လိုက်တော့ မြင်ရမယ့်ပုံ

အထက်က မြင်ရတာကတော့ ဒုတိယ အထပ်မှာနေရာယူထားတဲ့ Motherboard ပါ၊ သူ့ကို အိတ်ထဲကိုထည့်ထားတယ်၊ အောက်မှာသေချာကြည့်ကြည့်၊
အထက်က ပုံမှာပြထားတဲ့အတိုင်း Motherboard ကို ပလက်စတစ်နဲ့ သေချာထုတ်ထားတယ်၊ လက်နဲ့ ကိုင်ပြထားတဲ့နေရာကတော့ အိတ်ကို ချုပ်ထားတဲ့ ခါးပတ်လေးပါ၊  Motherboard ကို အပြင်ကိုထုတ်လိုက်ရင် အောက်မှာ စာအုပ်တစ်အုပ်နဲ့ CD တစ်ချပ်ပါမယ်၊ အဲ့ဒီ့ စာအုပ်က Motherboard ကိုတပ်ဆင်အသုံးပြုပုံ နဲ့ CD ကတော့ သင့်ကွန်ပြူတာ ကိုအားလုံး ပြီးဆုံးအောင်တည်ဆောက်ပြီးလို့ OS ကိုလဲ Install လုပ်ပြီးသွားရင်အဲ့ဒီ့ CD ခွေကို Install လုပ်ရမှာ၊ အောက်မှာ စာအုပ်နဲ့ CD ကိုကြည့်၊
အထက်က တော့ အရေးကြီးတယ်လို့သတိပေးထားတဲ့ CD နဲ့ အညွန်းစာအုပ်ပါ၊ အောက်မှာ Motherboard ကိုကြည့်လိုက်ပါ၊
1.     IDE တပ်ဆင်မယ့်နေရာ၊

2.     PSU (Power Supply Unit) တပ်ဆင်မယ့် Main နေရာ၊ (24pin TAX 12V)

3.     RAM တပ်ဆင်မယ့်နေရာ၊

4.     FSB (front side bus) တပ်ဆင်မယ့်နေရာ

5.     SATA Adapter တပ်ဆင်မယ့်နေရာ

6.     USB Port နဲ့ အခြား hard phone, များတပ်ဆင်မယ့်နေရာ

7.     BIOS မှာပါဝင်တဲ့သတင်းအချက်အလက်တွေကိုသိုလှောင်ထားတဲ့ Battery

8.     Processor တပ်ဆင်မယ့်နေရာ

9.     Sound Card ကဲ့သို့သော အခြား ကဒ်များထည့်ရန်နေရာ



နောက်တစ်ခန်းမှာ ဆက်ရန်ရှိ၊

htbcomputer_6

Power Supply

ကွန်ပြူတာ တစ်လုံးကို တည်ဆောက်ရာမှာလိုအပ်တဲ့ Components တွေကိုမိတ်ဆက်ပေးခဲ့တယ်၊ ဒီသင်ခန်းစာမှာတော့ နောက်ဆုံးလိုအပ်တဲ့ Component တစ်ခုဖြစ်တဲ့ Power Supply အကြောင်းကိုရှင်းပြမယ်၊ ကွန်ပြူတာ တစ်လုံးကို Power Supply မပါပဲ တည်ဆောက်လို့မရပါဘူး၊ PSU (power supply unit)၊ သင့်ကွန်ပြူတာ ကိုအားသွင်းကြိုးချိတ်လိုက်ပီဆိုတာ နဲ့ အဲ့ဒီ့အားသွင်းကြိုးကို PSU ထဲကိုတိုက်ရိုက်ချိတ်ရပါတယ်၊ PSU ကမှတဆင့် ကွန်ပြူတာ အတွက်လိုအပ်တဲ့စွမ်းအားတွေကို Motherboard နဲ့ အခြား Components တွေကိုပို့ပေးတယ်၊

Power Supply  ကိုဝယ်တဲ့အခါ အဲ့ဒီ့ Power Supply က လျှပ်စစ်စွမ်းအား ဘယ်လောက်ကိုစုတ်ယူနိုင်လဲဆိုတာကို အဓိက ထားပြီးရွေးချယ်ရပါတယ်၊ တိုင်းတာတဲ့ စနစ်ကတော့ watt (w) ပါ၊ 300W ထက်နည်းတဲ့ Power Supply ဆိုရင်တော့ လုံးဝမ၀ယ်နဲ့၊ သင့်ကွန်ပြူတာကို အသေအချာဖြတ်စီးလိမ့်မယ်၊ အလုပ်လုပ်နေရင်း လျှပ်စစ်စွမ်းအားမနိုင်လို့ ကြောင်သွားလို့ ဆိုပြီး ရပ်သွားလိမ့်မယ်၊ ဒီလိုပြသနာတွေနဲ့ သင့်ကွန်ပြူတာကို ကြောင်ပစ်လိမ့်မယ်၊ 500W အထက်ဆိုရင်တော့ အတော်ကို လုံလောက်သွားပီ Game တွေကို မညှာတမ်းစကားလို့ရပီ၊ Video Editing လုပ်လို့ရပီ၊ 400W ဆိုရင်တော့ Game တွေတအားကြီးကစားလို့မရသေးပေမယ့် တကယ့်ကိုအလုပ်ဖြစ်နေပါပီ၊ အသုံးလဲ အတော့ကိုတည့်နေပါပီ၊ ဒီတော့ 400W သို့မဟုတ်  500W လောက်တော့ရွေးလိုက်ပါ၊

Power Supply ၀ယ်ရင်သတိထားရမယ့်အချက်တစ်ခုကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီပါ၊ ကုမ္မဏီ ညံ့လို့ကတော့ မ၀ယ်နဲ့  သင့်ကွန်ပြူတာ ပျက်သွားမယ်၊ အကြောင်ခံလိုက်ရလိမ့်မယ်၊ အလုပ်တန်းလန်းကြီးနဲ့ရပ်သွားမယ် ပျက်သွားမယ်၊

Power Supply Type

အသုံးများတဲ့အဓိက power supply နှစ်မျိုးရှိပါတယ်၊ ATX နဲ့ ATX 12V တို့ပါ၊ ATX ကတော့ ခတ်ဟောင်း power supply ဖြစ်ပြီး ခတ်ဟောင်း Motherboard တွေနဲ့ တွဲသုံးပါတယ်၊ ATX နဲ့ ATX 12V တို့ရဲ့ ကွားခြားချက်ကတော့ ATX အတွက် Motherboard မှာ တပ်ဆင်ရမယ့်နေရာမှာ Pin Cout 20 ပါပါတယ်၊ ATX 12V အတွက်တော့ Motherboard မှာ 24 Pin Count ပါပီး 20 က Power Supply အတွက်ဖြစ်တယ်၊ 4 Pin Cout ကတော့ PCI Express Adapter အတွက် သုံးပါတယ်၊ ATX နဲ့ ATX 12V တို့အကြားကွားခြားချက်တွေအများကြီးရှိသေးပါတယ်၊ ဒီမှာတော့ရှင်းမနေတော့ဘူး၊ အောက်မှာ Brand Name အကောင်းစားတစ်ခုနဲ့ Power Supply တစ်မျိုးရဲ့ နာမည်ကိုဥပမာ ရေးပြပါမယ်၊ ၀ယ်တဲ့အခါ စစ်ရလွယ်အောင်ပါ၊

ှSilverstone 400W 12V PSU

အထက်က စာသားမှာ Silverstone က ထုတ်လုပ်တဲ့ကုမ္မဏီ နာမည်၊ 400W ကတော့ သိုလှောင်နိုင်တဲ့စွမ်းအား၊ 12V က ATX 12V အမျိုးအစားကိုဖော်ပြတယ်၊ PSU ကတော့ Power Supply Unit ကိုညွန်းတယ်၊

အခု ကွန်ပြူတာတည်ဆောက်ဖို့ လိုအပ်သမျှ စုစည်းပြီးပီ၊ နောက်တစ်ဆင့်မှာ စပြီး လက်တွေ့  တည်ဆောက်တော့မယ်၊

htbcomputer_5

Case

ဒီအခန်းမှာတော့ Case ကိုရွေးချယ်ကြမယ်၊ Case ကိုရွေးချယ်တဲ့ အခါ သင်အသုံးပြုမယ့် Motherboard နဲ့ ကိုက်ညီတဲ့ အ၀န်ဆံ့တဲ့ fix size ဖြစ်တဲ့ Motherboard ထည့်လို့ရတဲ့ Case ကိုရွေးရမယ်ဆိုတာတော့ ပြောနေစရာတောင်လိုမှာမဟုတ်ပါဘူး၊ မဆံ့မှတော့ ကွန်ပြူတာ ဘယ်လိုလုပ် တည်ဆောက်နိုင်မလဲ၊ ဒါပေမယ့် ပိုပြီးနားလည်သွားအောင် အကျယ်ချဲ့မယ် (ဟားဟားဟား)

Form Factors

Motherboard ရဲ့ form factor ဆိုတာက Motherboard ရဲ့ပုံသဏ္ဍန်ကိုပဲပြောတာပါ၊ တည်ဆောက်ပုံ Port ပါတဲ့ပုံစံ စသဖြင့် သွင်ပြင်လက္ခဏာတွေအားလုံးကိုပေါင်းပြီး Motherboard ရဲ့ Form Factor လို့ခေါ်တယ်၊ ပုံမှန်အားဖြင့် Motherboard ရဲ့ Form Factor သုံးမျိုးရှိတယ်

ATX

Micor ATX

ITF

အထက်က သုံးမျိုးထဲမှာ ATX က အသုံးအများဆုံးနဲ့ နာမည်အကြီးဆုံး Micro ATX က ဒုတိယ အသုံးအများဆုံးနဲ့ နာမည်အကြီးဆုံး ITF ကတော့ နောက်ဆုံး ပေါ့၊ ၀ယ်ရင်တော့ ATX ၀ယ်ဗျာ၊

Case Size

Case ၀ယ်တဲ့အခါ အရွယ်အစားကလဲ အဓိက ကျပါသေးတယ်၊ အရွယ်အစားပေါ်မူတည်ပြီး သင်ထည့်လို့ရမယ့် ကွန်ပြူတာ ပစ္စည်း ကျန်ရှိမယ့်နေရာ နဲ့ သပ်ရပ်စွာ တပ်ဆင်မူတို့ ကို အဆင်သင့်သလိုနေရာချသွားနိုင်ပါတယ်၊ အရွယ်အစား သုံးမျိုးရှိတဲ့ထဲမှာ mini-case ကတော့ အသေးစာ အပြားလေးဖြစ်ပြီး များသောအားဖြင့် ကွန်ပြူတာ ကို သူ့အပေါ်မှာ တင်ပြီးသုံးကြပါတယ်၊ နောက်တစ်ခုကတော Mid-case (mid-size လို့လဲခေါ်တယ်) သူကတော့ အသုံးအများဆုံးဖြစ်ပြီး အသင့်တော်ဆုံး Case ပါ၊ လူတွေအားလုံး လဲ mid-size ကိုသုံးကျပါတယ်၊ နောက်ဆုံးတစ်ခုကတော့ Full case(tower Case) ပါ၊ ရှည်တယ် ကြီးတယ်၊ အသုံးနည်းတယ်၊ သုံးတဲ့လူတွေက သူတို့ရဲ့ personal home server ကိုထောင်တဲ့လူတွေများတယ်၊ သူတို့က အဲ့ဒီ့လို Personal Home Server ထောင်ပြီးငွေရှာကြတာကို (ဘယ်လိုငွေရှာလဲသိချင်ရင်တော့ Make Money ဆိုတဲ့ 72coder ရဲ့ သင်ခန်းစာကိုသွားကြည့်ပါ၊ တစ်လ ကို ဒေါ်လာ 2000 လောက်တော့ လုပ်နိုင်ရင် နားလည်ကျွမ်းကျင်ရင် ရနိုင်တဲ့နည်းကို သင်ပေးထားတယ်)၊ full case က Mid-case ရဲ့ နှစ်ဆရှိတယ်၊

အထက်က တော့ ဥပမာ ပြထားတဲ့ Mid-case ရဲ့ပုံစံပါ၊

ကွန်ပြူတာ Case ကိုဝယ်ရင်ဖြင့် USB ပေါက်ဘယ်နှစ်ပေါက်ပါလဲ၊ SD Card Port ပါလားမပါလား၊ Momery Card Port ပါလားမပါလား၊ Optical Drives ဘယ်နှစ်ခုတပ်လို့ရမလဲ၊ စသဖြင့် လိုအပ်တာအားလုံးကိုစစ်ဆေးပါ၊ ပြီးတော့ ၀ယ်ဖို့ရွေးတဲ့အခါ နည်းနည်း လှုပ်ကြည့်ပါ၊ သိပ်ပျော့နေရင် အသံတွေထွက်နေရင်တော့ မ၀ယ်နဲ့၊ တကယ်အသုံးပြုလို့ Hard Drive တို့ Power Supply တို့အလုပ်လုပ်ပီဆိုတာနဲ့ သိပ်ပျော့တဲ့ လှုပ်ခါနေတဲ့ Case ဆိုရင်ဖြင့် အသံတွေမြည်ပြီး ရထားခုတ်သလို အသံတွေထွက်နေတတ်တယ်၊

နောက်ထပ် သိသင့်တာကတော့ သင်ဝယ်မယ့် Case မှာ Fan ပါလားမပါလား၊ Power Supply ပါလားမပါလား ဆိုတာကိုစစ်ဆေးပါ၊ ပုံမှန်အားဖြင့်ပါတယ်၊ Power Supply မပါရင် ထည့်သွင်းမယ့်နည်းကို နောက်ပိုင်းသင်ခန်းစာတွေမှာသင်ပေးမှာပါ၊ အောက်မှာတော့ Case တစ်ခုဝယ်တဲ့အခါ နားလည်လွယ်အောင် ဥပမာ အနေနဲ့ Case တစ်ခုရဲ့ Title ကိုရေးပေးလိုက်မယ်၊

Rosewill Mid Tower MicroATX with 120mm fan

အထက်က  စာသားက Case နဲ့ အတူပါလာမှာပါ၊ အဓိပ္ပါယ်က Rosewill ကုမ္မဏီက ထုတ်တယ်၊ Mid Tower အလည်အလတ် Case အမျိုးအစား၊ Micro ATX အမျိုးအစား Motherboard ကိုလက်ခံတယ်၊ ထည့်သွင်းအသုံးပြုနိုင်တယ်၊ 120mm fan ပါတယ်၊

htbcomputer_4

Optical Drive

ဒီအခန်းမှာတော့ Optical Drive ရွေးချယ် ပုံကို သင်ကြားပေးသွားမယ်၊Optical Drive ဆိုတာ CD/ DVD Drive တွေကို ခေါ်တာပါ၊ သင့်ကွန်ပြူတာမှာ ခွေထည့်ပြီး ဖတ်တဲ့ပစ္စည်းပါ၊ သင်ဝယ်တဲ့အခါ DVD Drive ၀ယ်ရမလား CD Drive ၀ယ်ရမှာလား ဒွိဟဖြစ်နေရင်တော့၊ ဘာမှတွေဝေမနေနဲ့ DVD Drive ကိုတာဝယ်ပစ်ပါ၊ DVD Drive က DVD ခွေရော CD ခွေရောပါ Run လို့ရတယ် သုံးလို့ရတယ်၊ CD Drive ကိုဝယ်ရင်ဖြင့် CD တစ်မျိုးထဲသာ သုံး လို့ရပြီး DVD တော့လုံးဝ ဖွင့်လို့ရမှာမဟုတ်ပါဘူး၊

DVD Drive

DVD Drive မှာလဲ Hard Drive မှာလဲ အမျိုးအစား ရွေးချယ်စရာ နှစ်ခုရှိတယ်၊ SATA နဲ့  IDE တို့ပါ၊ Hard Drive မှာသုံးကတော့ SATA ကိုရွေးချယ်ဖို့အကြံပြုခဲ့တယ်၊ နို့ပေမယ့် အခုသင်ခန်းစာရဲ့ Optical Drive ရွေးချယ်မူမှာတော့ DVD Drive အတွက် IDE ကိုရွေးချယ်ပါ၊ SATA ကတော့ အပျက်မြန်လို့ အလုပ်လုပ်တာ ရပ်ရပ်သွားလို့ နာမည်ဆိုးထွက်နေတယ်၊ ဒါကြောင့် IDE ကိုရွေးချယ်ခိုင်းတာပါ၊

DVD Drive & Speed

DVD Drive (IDE) ကိုရွေးချယ်ပြီးသွားရင်တော့ နောက်ထပ် အရေးကြီးတဲ့ DVD Drive ရဲ့ အလုပ်လုပ်နိုင်မူ စွမ်းအားတွေကိုလေ့လာပါမယ်၊ သင် DVD Drive တစ်ခုကို ၀ယ်ရင် နံပါတ်တွေပါလာလိမ့်မယ်၊ အောက်က အတိုင်း

X16

X24x20x16

အထက်က လိုနံပါတ်တွေမှာ အဓိပ္ပါယ်ရှိပါတယ်၊ သူတို့ကို သေချာရှင်းပြမယ်၊ x16 ဆိုပြီး နံပါတ်တစ်ခုထဲကိုတွေ့ရင်တော့ ဒါက သင့်ကွန်ပြူတာက DVD Drive ကို ဘယ်လောက်မြန်မြန် ဖတ်နိုင်လဲဆိုတာကို ညွန်းတယ်၊ နောက်တစ်မျိုးပြောရရင် x16 ဆိုတာ သင့်ကွန်ပြူတာက DVD Drive ထဲက data ဒေတာ တွေကိုဘယ်လောက်မြန်မြန်ဖတ်နိုင်လဲ ဆိုတာကိုပြောတာပါ၊ တကယ်လို့ သင်ဝယ်တဲ့ Hard Drive မှာ x24x20x16 ဆိုပြီး ဂဏန်းသုံး မျိုးပါရင်ဖြင့် ပထမ ဂဏန်းဖြစ်တဲ့ x24 က သင်ကွန်ပြူတာက CD (သို့ ) DVD ထဲကို Data တွေ ဘယ်လောက်မြန်မြန်ရေး နိုင်သလဲ (သို့) Burn နိုင်သလဲဆိုတာကို ပြောတယ်၊ သင့်ကွန်ပြူထဲက အချက်အလက် data တွေကို CD (သို့) DVD ထဲကိုထည့်တာကိုပြောတာပါ၊ ဒုတိယ ဂဏန်းကတော့ (အထက်က ဥပမာမှာ x20) ကတော့ သင့်ကွန်ပြူတာက အချက်အလက်ရှိပြီးသား CD (သို့) DVD ထဲကို အချက်အလက်တွေထပ်ထည့်ဖို့ နဲ့ ရှိပြီးသား အချက်အလက် တွေကို ဖြတ်ပြီးပြန်ရေးရာမှာ (Rewrite) လုပ်ရာမှာ ဘယ်လောက်မြန်မြန် ရေးနိုင်လဲကိုပြောပါတယ်၊ နောက်ဆုံးနံပါတ်ဖြစ်တဲ့ x16 ကတော့ သင့်ကွန်ပြူတာက CD (သို့) DVD ထဲမှာရှိတဲ့ အချက်အလက်တွေကို ဘယ်လောက်မြန်မြန် ဖတ်နိုင်လဲဆိုတာကိုပြောပါတယ်၊

နောက်တစ်ကြီမ်ထပ်ပြောမယ်၊ ဂဏန်းတစ်လုံးထဲပါရင် Read Number ဖြစ်တယ်၊

ဂဏန်းသုံးလုံးပါရင် Write speed , Rewrite speed, Read speed တို့ဖြစ်တယ်၊ ပထမ နံပါတ်က Write Speed, ဒုတိယ နံပါတက Rewrite Speed, တတိယ နံပါတက Read Speed တို့ဖြစ်တယ်၊

DVD Drive & DVD Burner

DVD နဲ့ ပတ်သတ်လို့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ သင်ဝယ်တဲ့ Optiocal Drive က DVD Drive လား DVD Burner လားဆိုတာကို သေချာစစ်ဖို့ပါ၊ DVD Drive က သတင်းအချက်အလက်တွေကို ဖတ်လို့ရတယ်၊ ဒါပေမယ့် Burn လို့မရဘူး၊ နို့ပေမယ့် DVD Burner ကတော့ သတင်းအချက်အလက်တွေကို ဖတ်လို့လဲရတယ်၊ VD/DVD Burn လို့လဲရတယ်၊ သင်ကြိုက်တာရွေးချယ်ပါ၊ J DVD Burner ရွေး၊

DVD Burner ကိုဝယ်ရာမှာ R လား RW လားကလဲ အရေးကြီးပါတယ်၊ R (Recordable)  ဆိုရင်တော့ CD/DVD ထဲကို Data တွေကူးနိုင်တယ်၊ Burn နိုင်တယ်၊ ဒါပေသည့် သတင်းအချက်အလက်ရှိပြီးသား CD/DVD တို့ကိုတော့ မရေးနိုင်ဘူး၊ မ burn နိုင်ပါ၊ RW ကတော့ Rewriteable ပါ၊ ဒီတော့ RW ဆိုရင် သတင်းအချက်အလက်ရှိပြီးသား CD/DVD တို့ကို ရှိရင်းစွဲ အချက်အလက်တွေကိုဖြတ်ပြီး ပြန်ရေးနိုင်တယ်၊ Write Over လုပ်နိုင်တယ်၊ အတော်စုံသွားပြီဆိုတော့ 72coder က ဥပမာ အနေနဲ့ အသုံးပြုမယ့် DVD Bruner တစ်ခုကို  ဥပမာ ပြပေးမယ်၊ အောက်မှာကြည့်ပါ၊

Lite-IDE x20x8x16 DVD Burner

အထက်က DVD Burner ရဲ့ အဓိပ္ပါယ်ကတော့ Lite ကုမ္မဏီအမျိုးအစား IDE interface , write speed က 20, Rewrite Speed က 8ယ Read speed က 16 , DVD Burner ဖြစ်တယ်၊

htbcomputer_3

oosing Harddrive

ရှေ့သင်ခန်းစာမှာတော့ RAM ကို ကွန်ပြူတာ အသုံးပြုနေသုံး မြန်နှုန်းမြင့် Memory အဖြစ် အသုံးပြုတယ်ဆိုတာသိခဲ့ပြီးပီ၊ ဒါပေမယ့် ကွန်ပြူတာကိုလဲ ပိတ်လိုက်ကော RAM ထဲက မှတ်ထားတဲ့ Memory တွေအားလုံး ပျောက်သွားမယ်၊ ဒါကြောင့် RAM ကို ယာရီ Memory အဖြစ်သာ အသုံးပြုလို့ရတယ်၊ ဒါပေမယ့် အခြား Memory တွေသိမ်းတဲ့နေရာတစ်ခုဖြစ်တဲ့ Harddrive ကတော့ Memeory တွေကို အမြဲတမ်းသိမ်းထားနိုင်တယ်၊ ကွန်ပြူတာ ပိတ်ပြီး ပြန်ဖွင့်လဲ သူ့ထဲမှာ မှတ်ထားတဲ့မှတ်ညာဏ်တွေက ရှိနေသေးတယ်၊ မပျောက်သွားဘူး၊ သင်မဖြတ်လိုက်သ၍ တသက်လုံးရှိမယ်၊ Harddrive ထဲမှာ သင်ကွန်ပြူတာကိုအလုပ်လုပ်စေတဲ့ Operation System ကိုသိမ်းတယ်၊ အခြားအခြား သေား အလုပ်လုပ်တဲ့ Programs တွေအားလုံးကိုလဲ Harddrive ထဲမှာသိမ်းတယ်၊ ဒီတော့ သင်ကွန်ပြူတာ မှာ Hard Drive က မရှိမဖြစ်ဆိုတာကို သဘောပေါက်လောက်ပီ၊

Hard Drive ရွေးချယ်ခြင်း

Hard Drive ကိုရွေးချယ်ရာမှာ သတိထားစရာအချက်နှစ်ခုရှိတယ်၊ Hard Drive နှစ်မျိုးရှိပြီး တစ်မျိုးက PATA နဲ့ နောက်တစ်မျိုးက SATA တို့ဖြစ်တယ်၊

PATA ကတော့ Paralo ATA ဖြစ်ပြီး ခတ်မရှိတော့ပါဘူး၊ သူ့ကို Motherboard ထဲမှာပဲ ချိတ်ရတယ်၊ အောက်ကပုံမှာ သူ့ကိုချိတ်ဖို့နေရာကိုပြထားတယ်၊ ချိတ်မယ့်နေရာမှာ PIN လေးတွေရှိတယ်၊
PATA  အမျိုး အစား Harddrive ကိုတော့ မသုံးဖို့အကြံပြုပါတယ်၊ အရမ်းနှေးတယ်၊

SATA ကတော့ Serial ATA ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ သူ့က တော့ အသစ်အမျိုးအစားဖြစ်သလို အလုပ်လုပ် တာလဲ အရမ်းကိုမြန်ပါတယ်၊ SATA ကနှစ်မျိုးရှိတယ်၊ တစ်ခုက 1.5 GHz ရှိပြီး နောက်တစ်ခုက  3.0 GHz ရှိတယ်၊ 3.0 GHz  ကတော့ သုံးရတာပိုအဆင်ပြေတယ်၊ ဈေးတော့ပိုကြီးတယ်၊ ဒါပေမယ့် ဈေးကြီးသလောက် တန်တယ်၊ ဒါ့ကြောင့် သင်ရွေးချယ်ရင် 3.0 GHz ကိုရွေးချယ်ပါ၊

Hard Drive နဲ့ ပတ်သတ်လို့ နောက်ထပ်သတိထားသင့်တာကတော့ Capacity ပါ၊ Capacity ကတော့ သင်အသုံးပြုမယ့် Hard Drive ရဲ့ သိုလှောင်နိုင်စွမ်းပါ၊ သူ့ကိုတော့ Gigerbite နဲ့ တွက်ပါတယ်၊ အောက်မှာ ကွာခြားချက်နဲ့ အသုံးဝင်ပုံတစ်ချို့ကိုလေ့လာပါ၊

40 Gb = အရမ်း နည်းတယ်၊

250 Gb = အရမ်းကောင်းတယ်၊ အသုံးသင့်ဆုံး ၊ Game ကစားလို့ရပီ၊ အလုပ်တွေ မျိုးစုံ လုပ်လို့ရပီ၊

500 Gb = အကောင်းလွန်၊ သိပ်ပြီး အလုပ်တွေများလို့ဆိုရင်တော့ သုံးသင့်တယ်၊ Game အကြီးကြီးတွေကစားမယ်၊ Photoshop နဲ့ Video Editing အတွက် Ok တယ်၊

1000 Gb = လွန်သွားပီ၊ တစ်ဦးထဲသုံးတယ်ဆိုရင် လွန်လွန်းတယ်၊ အရမ်းအသုံးဝင်တာကတော့ သူငယ်ချင်းတွေ ကြားထဲရောက်တိုင်း သင်သုံးတာက  1000 GHz Hard Drive လို့ ထုတ်ထုတ် ကြွားတဲ့နေရာမျိုးပါ၊

Speed of Hard Drive

Hard Drive ရွေးချယ်ရာမှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ Hard Drive ဘယ်လောက်မြန်မြန် အလုပ်လုပ်သလဲ၊ ဘယ်လောက်မြန်မြန် ဖတ်နိုင်သလဲ ဆိုတာပါ၊ ဒါကိုတော့ RPM နဲ့ တိုင်းတာတယ်၊ RPM ဆိုတာ Revolving Per Minute ပါ၊ တစ်မိနစ်အတွင်း Hard Drive ရဲ့ လည်ပတ်မူကိုခေါ်ပါတယ်၊ Hard Drive အမြန်နှုန်း နှစ်မျိုးရှိတယ်၊ RPM နှစ်မျိုးပေါ့၊ ပထမတစ် ခုက 7200 RPM ပါ၊ သူကတော့ တစ်စက္ကန့်ကို 7200 နှုန်းလည်ပတ်တယ်လို့ အဓိပ္ပါယ်ရတယ်၊ နောက်တစ်ခုကတော့ 10,000  RPM ပါ၊ သူကတော့ ပိုမြန်တာပေါ့၊ ဒါပေမယ့် ဒီနေရာမှာ အရေးတကြီးထည့်တွက်ရမယ့်အချက်တစ်ခုပြောမယ်၊ Hard Drive က အလုပ်လုပ်တာပိုမြန်လေ၊ အပူချိန်ပိုတက်လေပဲ၊ အပူချိန်ပိုတတ်လေ၊ ပြတ်ဖို့အတွက် ပိုပြီးနီးဆက်လေပဲ၊ ဒီတော့ 10,000 RPM ကိုသုံးမယ်ဆိုရင်ဖြင့် သင့်ကွန်ပြူတာမှာ fan အကောင်းစား တစ်ခုတပ်ထားဖို့လိုတယ်၊  72coder က အကြံပြုချင်တာကတော့ 7,200 ကိုသုံးဖို့ပါ၊ အန္တရယ်ကင်းတယ်၊ အပူချိန်သတ်သာတယ်၊ တာရှည်ခံတယ်၊

အောက်မှာတော့ Hard Drive တစ်ခုကို အညွန်း အနေနဲ့ ဥပမာ ရေးပေးလိုက်မယ်၊

Seagate Barracuda 7200 rpm 250 Gb SATA 3.0

အထက်မှာတော့ Seagate Barracuda ဆိုတာတော့ ထုတ်လုပ်တဲ့ ကုမ္မဏီနာမည်ပါ၊ 7,200 rpm ကတော့ တစ်စက္ကန့် အတွင်း Spinn (လည်ပတ်) နှုန်းပါ၊ 250 Gb ကတော့ Capacity သိုလှောင်နိုင်စွမ်းပါ၊ SATA 3.0 ကတော့ Hard Drive အမျိုးအစားပါ၊

သေချာလေ့လာပါ၊ ကွန်ပြူတာ ၀ယ်ရင် ဖြစ်စေ ၊ ပြုပြင်ရင်ဖြစ်စေ သိပ်ကိုအသုံးဝင်လှပါတယ်၊

htbcomputer_2

  RAM

ဒီအခန်းမှာတော့ ကွန်ပြူတာတစ်လုံးတည်ဆောက်ရာမှာ အရေးကြီးတဲ့ RAM အကြောင်းကို သင်ပေးမယ်၊ RAM ဆိုတာ Random access memory ပါ၊ ကွန်ပြူတာ မှာပါဝင်တဲ့ Components တိုင်းမှာ သက်ဆိုင်ရာ အလုပ်ရှိပါတယ်၊ ဒီလိုပါပဲ RAM မှာလဲ သူထမ်းဆောင်ရမယ့် တာဝန်ရှိပါတယ်၊ RAM ရဲ့ အလုပ်ကတော့ Programs တွေကို ၀န်တင်ပေးဖို့နဲ့ အဲ့ဒီ့ Programs တွေ Run နေတဲ့အချိန်မှာ အသုံးပြုတဲ့ Memory အဖြစ်အလုပ်လုပ်ပေးဖို့ပါ၊ ဒီမှာမရှုပ်သွားစေချင်ဘူး၊ Memory အဖြစ် ကွန်ပြူတာ မှာ Hard drive တွေရှိပြီးသား ဘာလို့ RAM က ထပ်ပါလာရသေးလဲ၊ ဟုတ်ပါတယ်၊ Momery အဖြစ် Hard drive တွေကိုသုံးလို့ရသော်ငြှား RAM ကိုသုံးတာ အဆပေါင်းများစွာ ပိုပြီးလျှင်မြန်စေပါတယ်၊ ဒါကြောင့်ပဲ Programs တွေ Run နေတဲ့အခါမှာဆိုရင် Run ကို Memory အဖြစ်သုံးခြင်းဖြစ်ပါတယ်၊ ဒါကြောင့် သင့်ကွန်ပြူတာကို အလုပ်မြန်မြန်လုပ်စေချင်ရင်ဖြင့် RAM ကို များများ ထည့်ထားဖို့လိုအပ်ပါတယ်၊ RAM များများ ထည့်ရင်ဖြင့် ဈေးကြီးမှာပေါ့၊ ဟုတ်ပါတယ်၊ ဒါပေမယ့် တန်တယ်ဗျ၊ RAM က အလုပ်လုပ်ရင် သိပ်ကိုမြန်တာ၊

RAM ကိုဝယ်တဲ့အခါမှာလဲ အဲ့ဒီ့ RAM က သင့်ကွန်ပြူတာရဲ့  Motherboard နဲ့ တွဲသုံးလို့ရမရ ကို ရွေးချယ်ရပါမယ်၊ တွဲသုံးလို့ရမှ ပဲဝယ်ရမယ်၊ ဒီလို Motherboard နဲ့ တွဲသုံးလို့ ရတဲ့ RAM  ဟုတ်မဟုတ်ကို စစ်ဆေးဖို့အတွက် အချက်အနည်းငယ်ကိုတော့ သိထားရမယ်၊

၁. RAM ရဲ့ STYLE က အရေးကြီးပါတယ်၊ ကုမ္မဏီ မျိုးမျိုးက RAM တွေကိုထုတ်နေကြတော့  STYLE တွေလဲ အမျိုးအမျိုးဖြစ်လာတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဓိက Style သုံးမျိုးတော့ရှိတယ်၊ သူတို့ကတော့

DDR = double data rate  အမြန်နှုန်း အဆင်ပြေတယ်၊ သုံးလို့အတော်သင့်တော်ပီ၊ (DDR လို့သူ့ကိုခေါ်တာက SD ဆိုတဲ့ ရှေ့ပိုင်းသုံးခဲ့တဲ့ RAM ထက်နှစ်စမြန်လို့ပါ၊ သိစရာမလိုဘူး)

DDR2=  အမြန်နှုန်းကတော့ DDR ရဲ့နှစ်ဆ မြန်တယ်၊ အလုပ်လုပ်ပုံ အတော့ကိုကောင်းပီ၊ အသုံးသင့်ဆုံးအခြေအနေပါပဲ၊

DDR3 = အမြန်နှုန်းကတော့ DDR ရဲ့ သုံးဆ၊ သိပ်ကိုမြန်လွန်းတယ်၊ ဈေးကလဲ ခေါင်ခိုက်နေမယ်၊ ၀ယ်ရင်တော့ ဖြစ်တယ်၊ ဒါပေမယ့် သင်ဒီလောက်မြန်တဲ့ အမြန်နှုန်းမျိုးကို မလိုအပ်ပါဘူး၊

၂. RAM ကိုရွေးချယ်တဲ့အခါမှာ Pin Count ကိုတော့ သေချာဖတ်ရမယ်၊ RAM တစ်ခုကိုကြည့်ရင် သူ့မှာ Pin Cout လို့ခေါ်တဲ့ ရွေရောင် Pin လေးတွေကိုတွေ့ရမယ်၊(ခွေးသွားစိတ်ပုံစံ အပ်ချောင်းလေးတွေ)  အဲ့ဒီ့ Pin လေးတွေရဲ့ အရေအတွက်က သင့်ကွန်ပြူတာရဲ့ Motherboard မှာရှိတဲ့ RAM ထည့်ရမယ့် အစိတ်အပိုင်းမှာပါတဲ့ Pin အပေါက် အရေအတွက်နဲ့ ညီရမယ်၊ ဒါမှမဟုတ်ရင် ပိုတာကိုချိုးပစ်၊ ဟား ဟား ဟား နောက်တာ၊ မချိုးပြစ်နဲ့နော်၊ RAM မှာပါတဲ့ PIN cout နဲ့ Motherboard မှာပါတဲ့ PIN Count တို့ကိုရေတွက်ပြီး သေချာ ကိုက်ညီမှဝယ်ပေါ့၊

3. Motherboard အမျိုးမျိုးမှာရှိတဲ့ RAM ထည့်တဲ့နေရာမှာ Pin count  ပမာဏ အမျိုးမျိုးရှိတယ်၊ ဥပမာ သင်က DDR2 RAM ကိုရွေးမယ်ဆိုရင် DDR2 မှာ အမျိုးအစားသုံးမျိုးရှိတယ်၊ PIN Count လဲသုံးမျိုးရှိတယ်၊ ဒါ့ကြောင့် Pin count ကိုသေချာရေတွက်ဖို့ လိုပါတယ်၊ (အဲ သင်ဝယ်တဲ့အခါမှာ အညွန်းကိုသေချာကြည့်ပါ၊ အဲ့ဒီ့ မှာ Pin count အရေအတွက် အတိအကျကို ရေးထားတတ်ပါတယ်)

သိပ်အရေးကြီးတဲ့အခြားအချက်တစ်ခုကတော့ သင့်ကွန်ပြူတာရဲ့ Motherboard Standard က DDR2 800 ဆိုပါဆို့ ဒါဆိုရင် သင်ဝယ်ရမယ့် RAM က DDR2 800 သို့မဟုတ် 800 ထက်မြင့်တဲ့ အမြန်နှုန်းကို ၀ယ်ရပါမယ်၊ သင်ဝယ်တဲ့ RAM ရဲ့ အမြန်နှုန်းက သင့်ကွန်ပြူတာ Motherboard ရဲ့ အမြန်နှုန်းအောက် ရောက်နေလို့ကတော့ သင်တည်ဆောက်တဲ့ကွန်ပြူတာ ဘယ်တော့မှအလုပ်လုပ်တော့မှာမဟုတ်ပါဘူး၊ ဒါ့ကြောင့် RAM ကိုဝယ်တဲ့အခါ Motherborad Standard ထက်မြန်တာကိုဝယ်ပါ၊ DDR 800, DDR 1000 DDR 2000 စသဖြင့် အမျိုးမျိုးရှိတယ်၊ DDR နောက်မှာပါလာတဲ့ ဂဏန်း တန်ဖိုးကြီးလေလေ သင့်ရဲ့ RAM အလုပ်လုပ်တာမြန်လေလေပါပဲ၊ သေချာသတိထားရမှာကတော့ RAM ရဲ့အမြန်နှုန်းက Motherbobard Standard အောက်ကို မရောက်သွားဖို့ပဲ၊ ရောက်သွားလို့ကတော့ ကွန်ပြူတာ အသေကြီးကိုပဲရမယ်၊

RAM ပိုများလေး ကွန်ပြူတာ အလုပ်လုပ်တာ ပိုမြန်လေဆိုတာတော့ ဟုတ်ပါရဲ့ ဒါပေမယ့် သင့်ကွန်ပြူတာရဲ့ Motherboard ကလက်ခံတဲ့ Maximun ပမာဏထက်တော့ ကျော်လို့မရဘူး၊ ဒါကိုတော့ Motherboard ကိုဝယ်တဲ့အခါ ပါလာတဲ့အညွန်းမှာဖတ်ပါ၊  RAM ပမာဏက Motherboard ရဲ့ ပမာဏ ထက်ကျော်သွားလို့ကတော့ သင့်ကွန်ပြူတာရဲ့ window system က RAM ကိုမမှတ်မိတော့ဘူး၊ ဒီတော့အလုပ်မလုပ်တော့ဘူးပေါ့၊ ပုံမှန်အားဖြင့် 4 Gigerbite လောက်ဆိုရင်ဖြင့် အတော့ကိုလုံလောက်သွားပါပီ၊ သင် လုပ်နေတဲ့အလုပ်တွေလောက်တော့ 4 Gb  က အေးဆေးလိုက်နိုင်ပါတယ်၊

RAM ကိုဝယ်တဲ့အခါ အချက်အလက်က အကုန်ပါလာမှာပါ၊ RAM ကိုပတ်ထားတဲ့ အဖြူရောင်စာရွက် မှာ အောက်ကလိုစာသားပါမယ်၊ အဲ brand တော့တူချင်မှတူမယ်၊ အောက်မှာဥပမာကြည့်၊

Kingston 1 Gb (2 x 512 Mb)

240-pin DDR2 800

အထက်က စာသားမျိုးက သင် RAM ၀ယ်တဲ့အခါမှာ RAM နဲ့ အတူပါလာမယ့်စာသားပါ၊ Kingston ဆိုတာက ထုတ်လုပ်တဲ့ ကုမ္မဏီနာမည်၊ 1GB ဆိုတာက RAM ရဲ့ အရွယ်အစား (2 x 512mb) ဆိုတာက 512 Migerbite ရှိတဲ့ RAM နှစ်ချောင်ကိုပေါင်းထားပြီး 1 Gb ဖြစ်အောင်လုပ်ထားတယ်လို့ပြောတယ်၊ 240-pin ဆိုတာက pin count 240 ပါတယ်ပြောတယ်၊  DDR2 ဆိုတာက Run အမျိုးအစား Double data rate ထပ် နှစ်ဆ မြန်တယ်ပြောတာ၊ 800 ဆိုတာက တော့ အမြန်နှုန်း၊

htbcomputer_1

Motherboard

ဒီသင်ခန်းစာမှာတော့ Motherboard ရွေးချယ်ခြင်းကို သင်ပြသွားမယ်၊ ကွန်ပြူတာကို အလုပ်လုပ်စေမယ့် အစိတ်အပိုင်းအားလုံးကို Motherboard ထဲမှာချိတ်ဆက်ရပါတယ်၊ တိထွင်ထားတဲလူတွေကကို ကွန်ပြူတာကို  အစိတ်အပိုင်းတစ်ခုပဲဖြစ်စေချင်တယ်၊ အဲ့ဒီ့ အစိတ်အပိုင်းထဲမှာ အားလုံးပေါင်းထည့်ပြီးအလုပ်လုပ်စေချင်တယ်၊ ဒါကြောင့်သူတို့က Motherboard ကို တည်ဆောက်ပြိး ကွန်ပြူတာ Component တွေအားလုံးကို Motherboard ထဲမှာ ချိတ်ဆက် ထည့်သွင်းထားတယ်။


အထက်မှာတော့ Motherboard တစ်ခုကိုဥပမာ ပြထားပါတယ်၊ အဲ့ဒီံ Motherboard ထဲမှာပဲ သင့်ရဲ့ အခြားအခြားသေား ကွန်ပြူတာ အစိတ်အပိုင်း conponents တွေထဲရမှာပါ၊ ဒါကြောင့် အခြား conponents တွေဝယ်တဲ့အခါ သင်အသုံးပြုမယ့် Motherboard မှာ သုံးလို့ရမရ သေချာစမ်းစစ်ပြီးမှဝယ်သင့်ပါတယ်၊ Motherboard ကိုဝယ်တဲ့အခါမှာ ထုတ်လုပ်တဲ့ ကုမ္မဏီကိုသေချာသတိထားသင့်ပါတယ်၊ ဈေးပေါတိုင်းဝယ်မယ်ဆိုရင်ဖြင့် သင့်ကွန်ပြူတာ ဘယ်လိုမှကောင်းလာနိုင်မှာမဟုတ်ပါဘူး၊

 အနီရောင်မြားပြထားတဲ့ အဖြူတုံးလေးက CPU ပါ၊ အစိမ်းရောင်မြားပြထားတဲ့ အတုံးလေးကတော့ Front Side Bus  (FSB) ပါ၊ FSB ကလဲ သင့်ကွန်ပြူတာ အတွက် တကယ့်ကို အရေးကြီးလှပါတယ်၊ FSB က CPU နဲ့ RAM တို့ကိုချိတ်ဆက်ပေးထားတယ်၊ Front Side Bus ရဲ့ အလုပ်က အချက်အလက်တွေ Commonds ခိုင်းစေချက်တွေ instrustions ညွန်ကြားချက်တွေကို CPU နဲ့ Ram တို့ အကြား အပြန်အလှန်ပို့ပေးပါတယ်၊ CPU က ပို့လိုက်တဲ့ သတင်းအချက်အလက်ကို RAM ကို ပို့ပေးတယ်၊ ဒီလိုပဲ CPU ကတောင်းဆိုလို RAM က ပို့လိုက်တဲ့ အချက်အလက်တွေကိုလဲ CPU ကိုပြန်ပို့ပေးတယ်၊ အဲ့ဒီ့လို CPU နဲ့ RAM အကြား အပြန်အလှန်ပို့ဆောင်မူကို ပြုလုပ်ပေးတာက FSB ပါ၊ ဒါကြောင့် FSB ကိုဝယ်တဲ့အခါမှာ အမြန်နှုန်းကို သတိထားဖို့လိုတယ်၊ သင်အသုံးပြုတဲ့ CPU က ဘယ်လောက်မြန်မြန် FSB က နှေးနေရင် သင့်ကွန်ပြူတာ အလုပ်လုပ်တာ နှေးနေမှာပါ၊ Front Side Bus ရဲ့ အမြန်နှုန်းကိုတော့ Migaheartz (MHz) နဲ့ တိုင်းတာပါတယ်၊

Motherboard နဲ့ ပတ်သတ်ပြီး ၀ယ်ယူတဲ့အခါ သတိထားရမှာကတော့ Motherboard ရဲ့သွင်ပြင်လက္ခဏာပါ၊ USB အပေါက် ဘယ်နှစ်ပေါက်ပါသလဲ၊ Fire wire port ပါလား မပါလား၊ Build in Audio & Video တို့ပါလား ဆိုတာကိုစစ်ဆေးရပါမယ်၊ ဒီလို USB ဘယ်နှစ်ပေါက်ပါလဲ Fire wire port ပါလားမပါလား Build in Audio ဖြစ်လားမဖြစ်လားဆိုတာကို Motherboard မှာ USB အပေါက် တွေ Fire Wire အပေါက်တွေ နဲ့ hardphone (earphone) တို့ထည့်သွင်းမယ့် အပေါက်တွေ ပါမပါကိုကြည့်ပြီးသိနိုင်ပါတယ်၊ အဲ့ဒီ့ အပေါက်တွေပါရင် အဓိပ္ပါယ်က သူနဲ့ သတ်ဆိုင်တဲ့ USB, Firewire, Audio build in ပါတယ်ပေါ့၊


အထက်က ပုံကတော့ USB နှစ်ပေါက် Fire Wire တစ်ပေါက် နဲ့ Audio Build In တစ်ခုပါတဲ့ပုံကိုဥပမာ ပြထားတာပါ၊ ၀ယ်တဲ့ အခါမှာ တစ်ခုခု မပါလာခဲ့ရင်တော့ Expansion Pack ထည့်ရတော့မယ်၊ ဒါကိုတော့ နောက်မှပဲရှင်းပြပါမယ်၊ Motherboard ရဲ့ Form factor ကလဲ အရေးကြီးပါတယ်၊ Form Factor ဆိုတာက Motherboard ရဲ့ တည်ဆောက်ထားတဲ့ပုံသဏ္ဍန်ပါ၊ သင်ဝယ်ယူထားတဲ့ Motherboard က သင်အသုံးပြုမယ့် case နဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်၊ သင်ဝယ်ထားတဲ့ Motherboard က 2 ပေအကျယ်ရှိပြီး သင် အသုံးပြုမယ့် Case က ၁ ပေပဲ ကျယ်တယ်ဆိုရင် ဘယ်လိုမှ ၀င်ဆံ့ မှာ မဟုတ်ပါဘူး၊

ဒီတော့ Motherboard တစ်ခုကိုဝယ်တဲ့အခါမှာ brand name ကို သတိပြုပါ၊

အခြား Components တွေနဲ့ တွဲဖက်အသုံးပြုလို့ရလားမရလား ကိုသတိပြုပါ၊

USB , Fire wire, Audio & Video Build in ပါမပါသတိပြုပါ၊ (onboard audio and video)

FSB ကိုရွေးတဲ့အခါအမြန်နှုန်း ကိုသတိပြုပါ၊ 1000 MHz လောက်ဆိုရင် ဖြင့်အတော်လေးချောချောမွေ့မွေ့ အလုပ်လုပ်ဆောင်နိုင်ပါပီ။

.

.

Copyright © Knowledge Box Published By Yaung Pyan Templated | Powered By Yaung Pyan Lay

Design by Yaung Pyan Lay | Blogger Theme by Yaung Payn Lay